အင်မနျူရယ် ကန့် - ဝီကီပီးဒီးယား အင်မနျူရယ် ကန့် ဝီကီပီးဒီးယား မှ အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည် အီမန်နျူရယ် ကန့် မွေးဖွား (၁၇၂၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၄"။-၂၂)၂၂ ဧပြီ၊ ၁၇၂၄ ကင်းနစ္စဗတ်, ပရပ်ရှား ဘုရင့်နိုင်ငံ( ယခု ကာလင်နင်ဂရတ်, ရုရှား) ကွယ်လွန် ၁၂ ဖေဖော်ဝါရီ၊ ၁၈၀၄(၁၈၀၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၁၂) (အသက် ၇၈) ကင်းနစ္စဗတ်, ပရပ်ရှား ဌာနေ ကင်းနစ္စဗတ်, ပရပ်ရှား နိုင်ငံလူမျိုး ပရပ်ရှားနိုင်ငံသား ခေတ် (၁၈)ရာစု ဒဿနိကဗေဒ ဒေသ အနောက်တိုင်းဒဿနိကဗေဒ ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school) ကန့်ဝါဒ ဉာဏ်အလင်းခေတ် အဓိက စိတ်ဝင်စားရာ သိမှုဗေဒ တက္ကိကဗေဒ ကျင့်ဝတ် Cosmogony မှတ်သားလောက်သည့် အတွေးအကြံ Categorical imperative Transcendental idealism Synthetic a priori Noumenon Sapere aude Nebular hypothesis သူ့အပေါ်ဩဇာလွှမ်းမိုးမှုများ Wolff Baumgarten Plato Aristotle Empiricus Hume Smith Descartes Spinoza လိုက်ဘနစ် (Leibniz) Locke Rousseau အိုင်းဇက် နယူတန် (Isaac Newton) Swedenborg Euclid Epicurus သူ၏ဩဇာလွှမ်းမိုးခံ Virtually all subsequent Western philosophy, notably: Johann Gottlieb Fichte Friedrich Wilhelm Joseph Schelling Friedrich Heinrich Jacobi Jacobi]] Reinhold F. Schlegel A.W. Schlegel Hegel Schopenhauer Nietzsche Peirce Husserl Heidegger Cassirer Habermas Rawls Chomsky Piaget Kierkegaard T.W. Adorno Hilbert Foucault Weber Strawson Strauss McDowell Simmel Azurmendi Guyer Seung Pogge Zongsan Nozick လက်မှတ် နာမည်ကျော် ဂျာမန်လူမျိုး ယထာဘူတကဝိကြီး အီမနျူရယ် ကန့်သည် ၁၇၂၄ခု ဧပြီလ ၂၂ရက်နေ့၌ အရှေ့ပရပ်ရှားပြည်၊ ကေးနစ္စဗတ်မြို့တွင် ဖွားမြင်သည်။အဖိုးဖြစ်သူမှာ စကော့တလန် ပြည်မှ ပြောင်းရွေ့လာခဲ့သူ ဖြစ်၍ ဖခင်ဖြစ်သူမှာ ထိုမြို့တွင် မြင်းကုန်းနှီးကကြိုးတန်ဆာများ လုပ်ကိုင်ရောင်းချသူ ဖြစ်၏။ ကန့်အား အသက် ၁၀နှစ်သား လောက်တွင် သီယိုလိုဂျီခေါ် ဗြဟဒေဝ ဗေဒကို လေ့လာရန်အတွက် ကျောင်းသို့ ပို့ခဲ့၏။ သို့သော် ထိုစဉ်က သူသည် ဂရိနှင့် လက်တင်စာပေ တို့ကို အထူးလေ့လာခဲ့ရာ အလားအလာများစွာ ရှိသူတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရ သည်။ ၁၇၄၀ပြည့်နှစ်၌ တက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးသည့်အခါတွင်လည်း ကန့်သည် သင်္ချာဘာသာနှင့် ရူပဗေဒဘာသာရပ်များ၌ ပိုမိုစိတ်ဝင်စားခဲ့သည်။ ယင်းသို့ ပညာကို ရှာမှီးနေဆဲ တွင် သူ၏ဖခင်သည် ၁၇၄၆ခုနှစ်၌ ကွယ်လွန်သွားခဲ့သဖြင့် ကန့်သည် ဆရာတစ်လှည့်၊ ကျောင်းသား တစ်လှည့်ဖြင့် ပညာကို ဆက်လက်သင်ကြားခဲ့ရသည်။ တက္ကသိုလ်မှ ပါရဂူဘွဲ့ကို ဆွတ်ခူးပြီးနောက် ၁၅နှစ်မျှ အလွတ်ပြ ဆရာအဖြစ် အသက်မွေးခဲ့သည်။ ထိုအတောအတွင်း သူ၏နာမည်မှာ စာရေး ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ကထိကအဖြစ်ဖြင့်လည်းကောင်း တဖြည်းဖြည်းထင်ရှားလာခဲ့၏။ ကေးနစ္စဗတ်တက္ကသိုလ်တွင် ပါမောက္ခရာထူးရရှိရန် ၂ကြိမ်မျှ ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ခေျ။ သို့သော် အခြားတက္ကသိုလ်များက သူ့အား ပါမောက္ခရာထူး၌ ခန့်အပ်ရန် စကားကမ်းလှမ်းကြသည် ကိုလည်း ကန့်သည် လက်မခံခဲ့ပေ။ ၁၇၇၀ပြည့်နှစ်တွင် ကေးနစ္စဗတ်တက္ကသိုလ်၌ တက္ကဗေဒနှင့် အနု မာနယထာဘူတ ပညာရပ်ဆိုင်ရာ ပါမောက္ခရာထူးကို ရရှိလေသည်။ထိုရာထူးတွင် ၂၇နှစ်မျှ အမှု ထမ်းခဲ့၏။ ထိုသို့ မိမိစိတ်ကြိုက်ရာထူးကို ရခဲ့ပြီးနောက် ကန့်သည် တပည့်တို့အား တက္ကဗေဒနှင့် အနုမာနယ ထာဘူတပညာတို့ကို သင်ကြားပို့ချရာ၌ သူ၏အယူအဆ၊ သဘောထားများကို ထည့်သွင်း သင်ကြားပို့ချပေးခဲ့သည်။ ထို့ပြင် ထိုပညာရပ်များဆိုင်ရာ စာအုပ်စာတမ်းများကို ရေးသားခဲ့ရာတွင် လည်း သူ၏အယူအဆသဘောတရားများကို ထည့်သွင်းဖေါ်ပြခဲ့၏။ ကန့် ရေးသားခဲ့သော စာအုပ် များမှာ အလွန်ခက်ခဲနက်နဲလှသဖြင့် သာမန်လူများ သဘောပေါက် နားလည်နိုင်မည်မဟုတ်ခေျ။ သို့ သော် ကန့်၏စာအုပ်များမှာ ကမ္ဘာကျော်စာအုပ်များဖြစ်ပေသည်။ ၁၇၈၁ခုနှစ်တွင် သူ၏အကောင်းဆုံးလက်ရာဖြစ်သော ဒကရစ်တစ် အော့ ပျူးဝါး ရီးဇင်း ခေါ် စာအုပ်ကို ရေးသား ထုတ်ဝေခဲ့၏။ ထိုစာအုပ်မှာ သူ၏စာအုပ်များ အနက် အခက်ဆုံးနှင့် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးစာအုပ်ဖြစ်သည်။ လွန်ခဲ့သော အနှစ် ၂၀၀အတွင်း ထုတ်ဝေခဲ့သော ယထာဘူတပညာရပ်ဆိုင်ရာ ကျမ်းများတွင် ထိပ်တန်းမှနေသော ကျမ်းဖြစ်၍ ယင်းကို ယခုတိုင် လူအများဖတ်ရှု့လေ့လာနေကြဆဲဖြစ်၏။ ထိုစာအုပ်သည် အခြားသော ယထာဘူတကဝိမျာက စဉ်းစားဆင်ခြင် တိုင်းထွာခြင်းဖြင့် မည်ရွေ့မည်မျှ သိရှိနိုင်သည်ဆိုသော အချက်ကို ဝေဖန်ပြခဲ့လေ သည်။ သူ၏သဘောအရ ထာဝရဘုရားရှိသည်ဆိုသော အချက်ကဲ့သို့သော အချက်မျိုးများကို မည်သည့် အခါမျှ သက်သေထုတ်၍ မပြနိုင်၊ စဉ်းစား ဆင်ခြင်ရန်လည်း ဉာဏ်မှီနိုင်မည် မဟုတ်ဟု ဆို၏။ သို့သော် ယင်းတို့ကို မဟုတ်ဟုလည်း မဆိုနိုင်ဟု ဆိုထားပြန်၏။ သူ့သဘောအရဆိုသော် ထိုကဲ့သို့သော အချက်များကို စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ ယုံကြည်ချက်ဖြင့်သာ သိထားရသည်ဟု ဆိုလေသည်။ ကန့်၏ ယထာဘူတပညာကို လေ့လာလိုက်စားလိုသူများသည် ကတ္ကဗေဒနှင့် အနုမာန ယထာဘူတပညာရပ်ကို အတန်ပင် ခေါက်မိထားရပေမည်။ ထို့ပြင် ကန့်၏ နက်နဲသော အယူအဆများကို သဘောပေါက်နိုင်ရန် မူလ ဂျာမန်စာကိုယ်ကို ဖတ်ရှုသင့်သည်ဟု ဆိုလေသည်။ ကန့်နှင့်စပ်လျဉ်းသည့် ထူးခြားချက်တစ်ရပ်မှာ ကန့်သည် နေရင်းအရပ်မှ တခါမျှခွာ၍ ခရီးဝေး မထွက်ခဲ့ဘူးခြင်းပင်ဖြစ်သည်။ ကန့်သည် နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စက်ကဲ့သို့ မှန်မှန်ဆောင်ရွက်ခဲ့သူဖြစ်၍ ထိုမြို့ရှိ ကသီဒရယ်ဘုရားရှိခိုးကျောင်းကြီးမှ နာရီသည် သူ့လောက် အချိန်မှန်မည် မဟုတ်ဟု ဆိုကြ၏။ နေ့စဉ် နံနက် ၅နာရီ တွင် သူ၏အစေခံက လာရောက်နှိုးသည်။ အနှစ် ၃၀အတွင်း ထိုသို့ လာနှိုးသည့် အခါတိုင်း တစ်ခါမျှ မထဘဲ မနေခဲ့ခေျ။ ၂နာရီ စာဖတ်၍ ၂နာရီ စာပို့ချ၏။ ထို့နောက် ၁နာရီခန့် စာဖတ်ကာ ရေးစရာရှိသည်တို့ကို ရေးလျက် ဟိုတယ်တစ်ခုခုတွင် ညနေစာစားသည်။ ညနေစာစားယင်း မိတ်ဆွေများနှင့် တွေ့ဆုံစကားပြောသည်။ ကန့်မှာ စကားပြောကောင်းသူဖြစ်၍ မကြာခဏ လူစုလူဝေး ကောင်းလာသဖြင့် ဟိုတယ်မကြာခဏ ပြောင်းကာ ညနေစာ စားသောက်ရသည်။ ညနေ၄နာရီခွဲတွင် လမ်းလျှောက်ထွက်သည်။ သူသည် ညနေစာစားပြီးတိုင်း နေပူ မိုးရွာ မရှောင် နေ့စဉ် အချိန်မှန် လမ်းလျှောက်ထွက်လေ့ရှိသည်။ မည်မျှ အချိန်မှန်သနည်းဆိုသော် သူ လမ်းလျှောက်ထွက်လာသည်ကို တွေ့သောအခါ ကေးနစ္စဗတ်မြို့သူ မြို့သားများသည် သူတို့၏နာရီများကို အချိန်တိုက်လေ့ရှိသည်ဟုပင် ဆိုကြသည်။ ကန့်သည် အသက်ထက်ဆုံး အိမ်ထောင်မပြုဘဲ နေခဲ့လေသည်။ ကိုးကား အမှား - Invalid parameter in tag "https://my.wikipedia.org/w/index.php?title=အင်မနျူရယ်_ကန့်&oldid=518033" မှ ရယူရန် ကဏ္ဍများ: ၁၇၂၄ မွေးဖွားသူများ ၁၈၀၄ ကွယ်လွန်သူများ ဝှက်ထားသော ကဏ္ဍ: ကိုးကားချက်အမှားများ ပါဝင်သော စာမျက်နှာများ လမ်းညွှန်မီနူး ကိုယ်ပိုင် ကိရိယာများ အကောင့် မဝင်ထားပါ ဆွေးနွေးရန် ဆောင်ရွက်ချက်များ အကောင့် ဖန်တီးရန် အကောင့်ဝင်ရန် အမည်ညွှန်းများ စာမျက်နှာ ဆွေးနွေးချက် အမျိုးမျိုးအပြားပြား အမြင်ပုံစံများ ဖတ်ရန် ပြင်ဆင်ရန် ရာဇဝင်ကြည့်ရန် ပို၍ ရှာဖွေရန် အ​ညွှန်း​ ဗဟိုစာမျက်နှာ ပေါင်းကူးနေရာ လက်ရှိဖြစ်ရပ်များ လတ်တလော အပြောင်းအလဲများ ကျပန်းစာမျက်နှာ အ​ကူ​အ​ညီ​ လှူဒါန်း​မှု​ ကိရိယာများ ဘယ်ကလင့်ခ်ထားလဲ ဆက်စပ်သော အပြောင်းအလဲများ အထူး စာမျက်နှာများ ပုံ​သေ​လိပ်​စာ​ စာမျက်နှာ အချက်အလက်များ ဤစာမျက်နှာကို ကိုးကားပြုရန် ဝီကီဒေတာ item ပရင့်/ပို့လွှတ် စာအုပ် ဖန်တီးရန် PDF အနေဖြင့် ရယူရန် ပရင့်ထုတ်နိုင်သော ဗားရှင်း အခြား ပရောဂျက်များတွင် ဝီကီမီဒီယာ ကွန်မွန်းစ် အခြား ဘာသာစကားများဖြင့် Afrikaans Alemannisch አማርኛ Aragonés العربية الدارجة مصرى Asturianu Aymar aru Azərbaycanca تۆرکجه Башҡортса Žemaitėška Bikol Central Беларуская Беларуская (тарашкевіца)‎ Български भोजपुरी বাংলা Brezhoneg Bosanski Буряад Català Chavacano de Zamboanga Нохчийн Cebuano کوردی Čeština Чӑвашла Cymraeg Dansk Deutsch Zazaki Ελληνικά Emiliàn e rumagnòl English Esperanto Español Eesti Euskara Estremeñu فارسی Suomi Võro Føroyskt Français Arpetan Nordfriisk Frysk Gaeilge 贛語 Kriyòl gwiyannen Gàidhlig Galego ગુજરાતી עברית हिन्दी Fiji Hindi Hrvatski Magyar Հայերեն Interlingua Bahasa Indonesia Interlingue Ilokano Ido Íslenska Italiano 日本語 Patois Jawa ქართული Qaraqalpaqsha Taqbaylit Kabɩyɛ Қазақша ಕನ್ನಡ 한국어 Kurdî Кыргызча Latina Lëtzebuergesch Лезги Lingua Franca Nova Limburgs Ligure Ladin Lumbaart لۊری شومالی Lietuvių Latviešu मैथिली Malagasy Македонски മലയാളം Монгол मराठी Кырык мары Bahasa Melayu Malti Mirandés Эрзянь Nāhuatl Plattdüütsch नेपाली नेपाल भाषा Nederlands Norsk nynorsk Norsk bokmål Occitan Livvinkarjala ਪੰਜਾਬੀ Polski Piemontèis پنجابی پښتو Português Runa Simi Rumantsch Română Русский Русиньскый Kinyarwanda संस्कृतम् Саха тыла Sardu Sicilianu Scots Srpskohrvatski / српскохрватски Simple English Slovenčina Slovenščina Shqip Српски / srpski Sunda Svenska Kiswahili தமிழ் తెలుగు Тоҷикӣ ไทย Tagalog Tok Pisin Türkçe Татарча/tatarça Українська اردو Oʻzbekcha/ўзбекча Vepsän kel’ Tiếng Việt West-Vlams Volapük Winaray 吴语 მარგალური ייִדיש Yorùbá Zeêuws 中文 文言 Bân-lâm-gú 粵語 လင့်ခ်များကို တည်းဖြတ်ရန် ဤစာမျက်နှာကို ၃၁ မေ ၂၀၂၀၊ ၁၈:၂၂ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။ စာသားများကို Creative Commons Attribution-ShareAlike လိုင်စင်ဖြင့် ရရှိနိုင်ပြီး ထပ်ဆောင်းသတ်မှတ်ချက်များ ရှိနိုင်သည်။ အသေးစိတ်အတွက် အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များတွင် ကြည့်ပါ။ ကိုယ်ပိုင်ရေးရာ မူဝါဒ ဝီကီပီးဒီးယား အကြောင်း သတိပြုစရာများ မိုလ်ဘိုင်း ဆော့ဖ်ဝဲလ်တီထွင်ရေးသားသူများ စာရင်းအင်း ကွတ်ကီး ထုတ်ပြန်ချက်